|
အဝေးကွင်းအတွေ့အကြုံလေးတွေ (၂)
အဝေးကွင်းအတွေ့အကြုံတွင်ကျန်ခဲ့သည်များရှိ၏။ ကိုကိုဖုန်းဆီမှ ဖုန်းလာအပြီးးလာသည့်ဖုန်းမှာ ကိုရစ်ဆီမှဖြစ်သည်။ ကိုရစ်မှ အိပ်နေတာလားဟုမေးသည်ကိုယောင်ယမ်း၍ အင်းချမိ၏။ ပြီးမှ အိချိုလေးဆီမှဖုန်းလာခြင်းဖြစ်သည်။ မယ်ယုအကြောင်းကျန်ခဲ့သည်များရှိ၏. သူ့ခမျာ ရန်ကုန်ပွဲကြည့်ဘို့ ဂျူတီအစားသွင်းခဲ့သည်။ ထိုအစားသွင်းမှုကို ဆရာမကလက်မခံဟု ဖုန်းတဂွမ်ဂွမ်ဆက်၍ပြောသည်။ မယ်ယုမျက်နှာငြိုးလေသည်။ အရာအားလုံးကိုမေ့ပြီး ပြန်လာမှရင်ဆိုင်လိုက်ဖို့သာ အားလုံးကဝိုင်းပြောကြသည်။ ကဲ.......ထိုမျှလောက် အခက်အခဲများနှင့်အားပေးခဲ့ရသည့် ရန်ကုန်ပွဲ ရှုံးခဲ့တော့ ရင်ထဲမည်မျှလောက်ခံရခက်သနည်း ဘောလုံးပွဲကြည့်ဖို့အလာတုန်းကတော့တက်ကြွမှုများစွာနှင့် အဲလက်စ်ရဲ့မဟာရန်ကုန်သီချင်းလေး ကြွေးကြော်လို့ပေါ့ အပြန်မှာတော့ အလာတုန်းကလိုမဟုတ်တော့ အားလုံးငြိမ်သက် နေကြ၏။ ဒါပေမယ့် ကွင်းထဲမှပြန်ထွက်ခါနီးတုန်းကတော့ ခေါင်းငိုက်စိုက်နှင့်မထွက်ပါ။ ကိုရစ်မှဦးဆောင်၍ ပင်စိမ်းသီးအညှာချွေချတောင်ကြီးသူမ ငါနဲ့ရဟု ဟိုဘက် ဒီဘက်အပြန်အလှန်သီချင်းဆို၍ နှုတ်ဆက်ခဲ့သည်။ရန်ကုန်မှ အလာတုန်းက ကားပေါ်တွင် သီချင်းလေးတွေဆက်ဆိုကြသည်။ယောက်ျားလေးတစ်ဖက် မိန်းကလေးတစ်ဖက်ဖြင့် ဘယ်ရလေမလဲ မိန်းကလေးအင်အားနည်း၍ မဲမဲကို ကိုယ့်ဘက်ခေါ်ထားလိုက်၏။ ဟီ...ဟိ......... ![]() ဤအဝေးကွင်းအတွေ့အကြုံတွင် ကြီးမားသောပြောင်းလဲမှုလေးများနှင့်လဲ ကြုံတွေ့ရသည်။ မန်ဘာအချင်းချင်း ညီအစ်ကို မောင်နှမရင်းချာ သဖွယ် ရင်းနှီးမှုပို၍ ရကြခြင်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် စကြ နောက်ကြနှင့် ပျော်စရာကောင်းလှသည်။ အရမ်းအိပ်ချင်သော အခါ တစ်ယောက်တစ်လှည့် မှီ၍အိပ်ကြသည်။အိချိုလေးမှာမူချောင်တွင် ညပ်၍နေလေသည်။ သူ့ခမျာခြေထောက်လေးတောင်ရွှေ့လို့မရ အသွားအပြန် အစခံရသောပင်တိုင်မင်းသမီးမှာ လေးဇီးဂဲလ် (ပြည့်ပြည့်) ဖြစ်သည်။ လေးဇီးစမုတ်၊ ဝိုင်းစမုတ်ခိုင်သိန်းစသည်ဖြင့် အမည်ကင်ပွန်း တပ်ခံရသည်။ လေးဇီးစမုတ်နှင့်အတွဲညီဖို့ ချမ်းချမ်းစမုတ် (ငြိမ်းချမ်းအောင်(သို့) ဘာဘာတော့ပ်) လဲရှိသေး၏။ ခွိ ခွိခွိ ရို့စ်နှင့်အိချိုမှာမူ အသွားရောအပြန်ရော မူးမော်၍ အန်ရ၏။ ကားဒဏ်ကိုမခံနိုင်ကြပါချေ။ အစားအသောက်လဲမစားချင် စားလျှင်လဲ အကုန် ပြန်အန်ထွက်၏။ကလောရောက်တော့ ရန်ကုန်ပရိသတ်ချင်း နွေးထွေးမှုကိုခံစားရ၏။ အန်တီဘေဘီတို့အဖွဲ့မှ အိမ်တွင်အိပ်ရန်အတွက် အိပ်ယာများပြင်ဆင်ထားပြီးထွက်စောင့်နေခြင်းဖြစ်သည်။ အားနာသောကြောင့်မအိပ်ဖြစ် တောင်ကြီးသို့ဆက်တက်ခဲ့သည်။ အရမ်းလဲ ဝမ်းသာရပါသည်............နွေးထွေးစွာကြိုဆိုခြင်းအတွက်....................အပြန်တွင်လဲ အန်တီဘေဘီမှ မက်မွန်သီးလေးဘူးပေးလိုက်ပါသေးသည်။ လက်ဘက်ရည်သောက်ဖို့လဲခေါ်သေးသည်။ ကားပေါ်တွင်အနေအထားလေးပျက်သွားမည်စိုး၍ မဆင်းဖြစ်ကြတော့ ကျေးဇူးတင်ကြောင်းပြော၍ နှုတ်ဆက်ပြီး ဆက်လက်ထွက်ခွာကြသည်။ ဘောလုံးပွဲအပြီး ညဈေးတန်းတွင်ညစာစားတုန်းကလဲ ကိုဇွဲမှ ရို့စ်၊ မဲမဲ၊ အိချို၊ ယုယုတို့ထိုင်သောဝိုင်းကိုရှင်းပေးပါ၏။ အမှန်တော့ ဆင်ပန်းရောင်လေး တစ်ယောက်တစ်ရွက်ပေးရမည်စိုးသောကြောင့် ဝယ်ကျွေးခြင်းဖြစ်သည်...ဟီဟိ ![]() တည်းခိုခန်းပြန်ရောက်ချိန်တွင် မေမီလေးမှဖုန်းဆက်ပါသည်။ ဘယ်ရမလဲ ဒီမှာခံစားရသမျှတွေကိုပြောပစ်သည်။ ![]() တောင်ကြီးသားတွေကပြောတယ် ရန်ကုန်အသင်းသားတွေ အခြောက်တွေတဲ့... ရင်ထဲတွင်အလွန်အမင်းဒေါသထွကမိပါသည်။ ပြန်ပြောလိုက်ချင်သည် ခြောက်မခြောက်သိချင်ရင်...........................................။မိန်းကလေးဖြစ်နေလို့သာ........... ![]() ဘယ့်နှယ့်တော် အောက်တန်းကျသော့သူတို့က ဘင်ကိုလဲအပိုင်လာစီးသေးသည်။ ငါတို့က အင်္ကျီ၊ လက်မှတ် အလကားရလို့ကြည့်သည်တဲ့ အောက်တန်းကျလိုက်သည့်စကား ...အသင်းမှ ကူညီပေးသည်လဲမှန်ပါသည်......သို့ပေမယ့် ဘယ်အင်္ကျီကအလကား၊ ဘယ်အင်္ကျီက ဘယ်လောက်နှင့်ဝယ်ရသည်မသိတဲ့လူတွေကများ ရာရာစစ... ငါတို့သည် နာမည်ကျော်ကြားမှု၊ နေရာရလိုမှု၊ အခွင့်အရေးရလိုမှုအတွက် ရန်ကုန်အသင်းအား အားပေးခြင်းမဟုတ်။ ရင်ထဲမှ စစ်မှန်သော မေတ္တာ၊ အသင်းအပေါ် ဖြူစင်သော ၊ အရောင်မပါသော ချစ်ခြင်းဖြင့်သာ အားပေးခြင်းဖြစ်သည်။ ငါတို့သည် မည်သူ့ကို မထိခိုက်စေလို၊ ရန်လဲမစ၊ သူများကသာလာ၍ ရန်စခြင်းဖြစ်သည်။ နာမည်ကျော်ကြားမှု၊ နေရာရလိုမှု၊ အခွင့်အရေးရလိုမှုအတွက် အားပေးသော သူ၏ ကျော်ကြားမှုသည်မည်မျှလောက်ခံမည်နည်း။ ထိုအားပေးမှုသည်အသင်းကိုချစ်၍မဟုတ်။ မိမိအကျိုးအတွက်အားပေးခြင်းသာဖြစ်သည်။ ငါတို့ ချစ်သောအသင်းအား မည်သူ စော်ကားတာကိုမျှလက်မခံနိုင်ပါ။ by green rose
by Site Admin - July 07, 2011, 04:54:54 PM
လေးစားရပါသော www.ygnfcfanclub.com
Read More...
Views: 483 Replies: 0
by Site Admin - April 28, 2010, 05:17:02 PM
YGN FC Fan Club Member များ အားလုံး မင်္ဂလာပါခင်ဗျာ.. ရန်ကုန် ဖန်ကလပ် ဖိုရမ် မန်ဘာများအားလုံး ကိုယ်စိတ်နှလုံး ရွှင်ပြုံးချမ်းမြေ့ ကြပါစေလို့  နှုတ်ခွန်းဆက်သပါတယ်.။ ၂၀၁၀ ဧပြီလအတွက် ကျွန်တော်
Read More...
Views: 1073 Replies: 8
by Site Admin - March 19, 2010, 01:13:07 AM
အကြောင်းအရာ။ ။ ရန်ကုန်ဖန်ကလပ် ဖိုရမ် အုပ်ချုပ်ရေးအဖွဲ့  ပြင်ဆင်ဖွဲ့ စည်းခြင်း။
ရန်ကုန်ဖန်ကလပ် ဖိုရမ် အုပ်ချုပ်ရေးအဖွဲ့ အား အောက်ပါအတိုင်
Read More...
Views: 826 Replies: 3
by Site Admin - November 05, 2009, 10:07:39 PM
Read More...
Views: 1257 Replies: 14
by The President - October 13, 2009, 12:29:07 AM
Yangon United Football Fan Club စတင်ဖြစ်တည်မှု
Read More...
Views: 584 Replies: 0
Pages: [1] 2
|
|